ရန်ကုန် - တိုကျို
ရန်ကုန် မင်္ဂလာဒုံ လေဆိပ်မှ ဘန်ကောက်သို့
စတင်ထွက်ခွာပြီး ဘန်ကောက် သုဝဏ္ဏဘူမိ လေဆိပ်သို့
ရောက်ရှိပါမည်။ ထို့နောက် ဘန်ကောက်တွင် Transit
ဖြတ်သန်းပြီး ဂျပန်နိုင်ငံ၊ တိုကျို
မြို့သို့ဆက်လက်ထွက်ခွာပါမည်။
|

 |
|
တိုကျို
နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ
Naritaလေဆိပ် သို့ရောက် ရှိပြီး
TokyoTower (တိုကျိုမျှော်စင် သို့လည်ပတ်ကြည့်ရှုပါမည်။ ထို့နောက် တိုကျို မျှော်စင်၌နေ့ လည်စာ သုံးဆောင်ပြီး
Hotel ၌သွားရောက်အနားယူပါမည်။ ညနေပိုင်းတွင်(ဘုရင့်နန်းတော်)
Imperial Palace Plaza နှင့် National Diet Building တို့ကို သွားရောက် လည်ပတ်ပါမည်။
ထို့နောက် Ginza ညရှုခင်းကို ကြည့်ရှုပြီးနောက် ညစာကိုသုံးဆောင်၍ Hotelတွင်
အိပ်စက်အနားယူပါမည်။
|
 |
|
တိုကျို
နံနက်စာကိုဟိုတယ်တွင်သုံးဆောင်ပြီး လျှပ်စစ်မြို့တော်
(Akihabara) သို့
Shoppingထွက်ပြီး Odaiba Building ၌နေ့လည်စာကိုသုံးဆောင်ပါမည်။ ထို့နောက်နာမည်ကျော် တိုကျို
Disney Landသို့ သွားရောက်လည်ပတ်ပါမည်။ ညစာသုံး ဆောင်ပြီးနောက်
Hotel တွင်အိပ်စက်အနား
ယူပါမည်။
|
 |
|
တိုကျို - ကမာကူရ - ယိုကိုဟားမား
နံနက်စာကို Hotel တွင်သုံးဆောင်ပြီး ယိုကိုဟားမားသို့ ကျည်ဆံရထား(Shinkansen)ဖြင့်
သွားရောက်ပါမည်။ ထို့နောက် ယာမာရှီတပန်းခြံ
(Yamashita Park) နှင့်တရုတ်တန်း
(ChinaTown) သို့ သွားရောက်လည်ပတ်ပြီး နေ့လည်စာကိုသုံးဆောင်ပါမည်။ ယန်း၁၀၀ဆိုင်
(100
JPY Shop) များတွင် ဈေးဝယ်ပြီး နာမည်ကျော် ကမာကူရဘုရားကြီး
(Kamakura) သို့သွားရောက်
ဖူးမျှော်ပါမည်။ ညစာသုံးဆောင်ပြီးနောက် Hotel တွင်အိပ်စက်အနားယူပါမည်။
|
 |
|
ယိုကိုဟားမား - ဟာမမတ်စု
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ဖူဂျီတောင်(Mt.Fuji) သို့သွားရောက်လည်ပတ်
ပါမည်။ (ရာသီဥတုပေါ်မူတည်၍ ၃ဆင့်(သို့) ၅ ဆင့်ထိတက်ရောက်နိုင်ပါသည်။)
နေ့လည်စာသုံးဆောင်ပြီးနောက် ဟာမမတ်စု
(Hamamatsu) သို့ဆက်လက်ထွက်ခွာ
ပါမည်။ ညစာသုံးဆောင်ပြီးံ Hotel တွင်အိပ်စက်အနားယူပါမည်။
|
 |
|
ဟာမမတ်စု - နာဂိုယာ - ကျိုတို
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး Kanzanji
Cable ကားဖြင့် ဟာမနရေကန်ကျယ်
(Hamana Lake) ၏အလှကိုကြည့်ရှုခံစားပါမည်။ ထို့နောက်နာဂိုယာ(Nagoya) သို့ဆက်
လက်ထွက်ခွာပြီး နာဂိုယာရဲတိုက်
(Nagoya Castle) နှင့် နာမည်ကျော်Toyota Car Show Room သို့သွားရောက် လေ့လာပါမည်။ ဆက်လက်၍ ကျိုတို(Kyoto)သို့ခရီးဆက်ပြီး
Hotel ၌
အိပ်စက်အနားယူပါမည်။
|
 |
|
ကျိုတို - အိုဆာကာ
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး ရွှေအတိပြီးသော
(Kinkaku -Ji) Temple (Kiyomizu-Dera) Temple တို့ကို သွားရောက်လည်ပတ်ပါမည်။ ထို့နောက် ကျိုတိုမြို့တွင်း လည်ပတ်
ကြည့်ရှုပြီး အိုဆာကာ (Osaka) သို့ခရီးဆက်ပါမည်။ ညစာသုံးဆောင် Hotel ၌ အိပ်စက်
အနားယူပါမည်။
|
 |
|
အိုဆာကာ
နံနက်စာကို ဟိုတယ်တွင်သုံးဆောင်ပြီး အိုဆာကာရဲတိုက် (Osaka
Castle) နှင့်စိတ်ကြိုက်
ဈေးဝယ် ထွက်နိုင်ရန် Duty Free ဆိုင်များသို့ ပို့ဆောင်ပေး ပါမည်။ ညစာသုံးဆောင်ပြီး
Hotel ၌အိပ်စက်အနားယူပါမည်။
|
 |
|
အိုဆာကာ - ရန်ကုန်
နံနက်စာကို ဟိုတယ်တွင် သုံးဆောင်ပြီး Hotel မှ
Check Out လုပ်၍ သက်ဆိုင်ရာ လေဆိပ်မှ
တဆင့် ဘန်ကောက်သို့ ပြန်လည်ထွက်ခွာပါမည်။ ထို့နောက် ဘန်ကောက် သုဝဏ္ဏဘူမိ
လေဆိပ်တွင်Transit ဖြတ်သန်းပြီး ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။
|
 |